Powered by Blogger.
Menu :

(1) အမျိုးဂုဏ်ကိုစွဲပြီးတက်တတ်သော.....မာန်။
(2) အဆက်အနွယ်ကိုစွဲပြီးတက်တတ်သော....မာန်။
(3) စည်းစိမ်ချမ်းသာရမှု့ကို စွဲပြီးတက်တတ်သော....မာန်။
(4) သူ့ထက်ငါ မြတ်တယ်ထင်ပြီး ထောင်လွှားတတ်တဲ့...မာန်။
(5)ဘယ်သူထက်မှမနိမ့်ကျဘူးဟုပခုံးချင်းယှဉ်သော....မာန်။
(6) ဘယ်သူ့မှဂရုမစိုက်ဘူးဟု ထင်မှတ်တတ်သော...မာန်။ ဘဲဖြစ်ပါတယ်
မာန် (6)မျိုးလက်ကိုင်ထားတဲ့သူဟာ ပျက်ဆီးခြင်းသို့ ဦးတည်တတ်ပါတယ်
(1) ၀ါးရုံ ၀ါးတော ၊ ၀ါးသီးပေါက။
ပေါသည့်ဝါးတော ၊ ကိစ္စချော၏ ။
(2)ငှက်ပျောတစ်ပင် ၊ အခိုင်တင်က ။
တင်သည့်အပင် ၊ အနိစ္စ၀င်၏ ။
(3)ပေပင်ကြီးကြီး ၊ ပေသီး သီးက ၊
သီးပြီး တခဏာ ၊ သင်္ခါရာ ။
(4) လူထဲကလူ ၊ မူတစ်မူနဲ့။
တစ်မူလွန်ကဲ ၊ အတ္တစွဲနဲ့ ။
မာနပင်စည် ၊ ခိုင်ကျည်ထွားကြိုင်း ။
ငါ တံတိုင်းခတ် ၊ မာန်မှိုင်းကပ်လျှင် ။
ကပ်သည့်လူသား ၊ ပေ ငှပျော ၀ါးသို့ ။
လားရာလမ်းဆုံး ၊ သင်္ကျီုင်းကုန်း လို့ ရှေးစာဆိုတဲ့ ဆုံးမခဲ့ဖူးပါတယ်
လူထဲက လူသားတွေအနေနဲ့ မထားအပ်တဲ့ မာန်တွေကို ဖျောက်ပြီး
တစ်ဦးနဲ့ တစ်ဦး လူသားအနေနဲ့ မြင်ပြီး ချစ်ကြည်ရင်နှီးစွာ
အားလုံး လက်တွဲသွားနိုင်ပါစေလို့ ဆန္ဒပြုရင်းးးးး

စာအုပ်စာပေ လူမိတ်ဆွေမှ ကူးယူဖော်ပြပါသည်

1 Responses to မထားသင့်တဲ့ မာန် (၆)မျိုး

  1. Unknown Says:
  2. မောင်ရွှေတုံ

     

Post a Comment

    Followers

    Popular Post